မိုင်းရယ်၌ မြို့နယ်စည်ပင်မှ မြို့တွင်းလမ်းများကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်၌ မြို့နယ်စည်ပင်မှ မြို့တွင်းလမ်းများကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်



MNP   -   ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့တွင်းလမ်းများ ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက မိုင်းရယ်မြို့၊ ရပ်ကွက်(၃) ဝါဆိုကျောင်းလမ်း ကတ္တရာခင်းနေမှုအခြေအနေများကို စည်ပင်သာယာရေးဌာန၊ မြို့နယ်အမှု‌ဆောင်အရာရှိ ဦးသိန်းစိုးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။


အဆိုပါ မိုင်းရယ်မြို့၊ ရပ်ကွက် (၃) ဝါဆိုကျောင်းလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေကျပ်(၁၉၀)သိန်းဖြင့် ပေ(၇၅၀)အား ကတ္တရာခင်းခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)