MNP - ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လူမှုရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်းအားလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးအောင်ကျော်မြင့်က မူးယစ်ဆေးဝါးပြဿနာများ၊ မူးယစ်ဆေးဝါးစတင်အသုံးစွဲသည့် အဓိကအကြောင်းအရင်း၊ အရွယ်အလိုက် တာဝန်ရှိမှု၊ တာဝန်သိမှု၊ မူးယစ်ဆေးသံသရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ ဆောင်ပုဒ်များ စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် power point ဖြင့် ချပြရှင်းလင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ခန့်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment