(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ


MNP   -    ဖေဖော်ဝါရီ ၈

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း လ-ခွဲ(၂၅)တို့ ပူးပေါင်းကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်မောင်မယ်များ ပြည်ထောင်စု နေ့၏ သမိုင်းကြောင်းကို သိရှိပြီး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် မိမိနိုင်ငံ၏ လွတ်လပ်ရေးကို တန်ဖိုးထား စောင့်ရှောက်ကြစေရန်၊ စာပေဖတ်ရှုမှတ်သားလေ့လာတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်းနှင့် အ.ထ.က လ-ခွဲ(၂၅) အထက်တန်းပြဆရာမ ဒေါ်ထက်ထက်ထွန်းက စာစီစာကုံး ရေးသားရာတွင် လိုက်နာရမည့် အချက်များနှင့် ဆုရွေးချယ်ရသည့်အချက်များကို ဆက်လက်ရှင်းလင်းဆွေးနွေးပါသည်။


ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပထမဆုရရှိသူ မနွေးရတီဦး၊ ဒုတိယဆု ရရှိသူ မနှင်းနီလာနွယ်၊ တတိယဆုရသူများဖြစ်သည့် မခင်ယုမွန်နှင့် မကျော့ဟေမာန်လှိုင်တို့အား မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြင့်မြင့်သန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)