မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့် တန်ဆောင်းတော်၌ အလှူခံဌာနဖွင့်လှစ်ထားရှိရာသို့ အလှူရှင်များကလာရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့် တန်ဆောင်းတော်၌ အလှူခံဌာနဖွင့်လှစ်ထားရှိရာသို့ အလှူရှင်များကလာရောက်လှူဒါန်း


MNP  -  ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ အမြဲမပြတ်လာရောက်ဖူးမြော်လျက်ရှိကြရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသည့်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေးလှူဒါန်းနိုင်ရန် ရွှေစည်းခုံဘုရားကြီး အင်္ဂါထောင့် တန်းဆောင်းတော်တွင် အလှူခံဖွင့်လှစ်ထားရှိရာသို့ အလှူရှင်များက ဝတ္တုငွေများ၊ ရွှေစင်ရွှေသားများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသည့် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းတွင် ပုဂံညောင်ဦးဒေသတစ်ဝိုက်မှ အလှူရှင်များ၊ မြန်မာပြည်အရပ်ရပ်မှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားလေ့လာရေးလာရောက်သူများ၊ ဘုရားဖူးပြည်သူများ၊ (၇)ရက်သားသမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ လာရောက်လှူဒါန်းနိုင်ကြောင်း၊ ရွှေစင်၊ ရွှေထည်ပစ္စည်းများ လှူဒါန်းလက် ခံနိုင်ရေးအတွက်လည်း ကော်မတီဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရွှေစည်းခုံဘုရားကြီး အင်္ဂါထောင့်တန်ဆောင်းတော် အလှူခံဌာနဖွင့်လှစ်ထားရှိရာသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ၊ ဒေသခံပြည်သူများမှ လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအတွက် ဌာပနာသွင်းလှူဒါန်းပူဇော်နိုင်ရန် ဝတ္ထုငွေသားများ၊ ရွှေစင်ရွှေသားများကို အလှူရှင်များလာရောက်လှူဒါန်းလျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)