ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်တွင် ဘုရားဖူးများဖြင့်စည်းကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်တွင် ဘုရားဖူးများဖြင့်စည်းကား


MNP   -   ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် အစိုးရရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း ရွှေဆံတော်ဂေါပက ဥက္ကဋ္ဌထံမှသိရသည်။


ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများထဲတွင်လေးဆူဓာတ်ပုံရွှေတိဂုံ စေတီတော်မြတ်ကြီးပြီးလျှင် ဒုတိယဉာဏ်တော်အမြင့်ဆုံးနှင့် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထအမြင့်ဆုံးစေတီတစ်ဆူဖြစ်ကြောင်း သိရသည်။


ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရန်အတွက် ဘာသာရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများက စဉ်ဆက်မပြတ် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ယခုအခါတွင်စေတီတော်မြတ်ကြီးကြံခိုင်မှုရှိရေးအတွက် စေတီတော်ကြီး၏ ကြေးဝန်းတော်ငါးဆင့်အား အလှူရှင်များ၏ ကောင်းမှု့ဖြင့် ၉ လက်မပတ်လည် ကြေးပြားသင်္ကန်တော်များ ကပ်လှူလျက်ရှိပြီး စေတီတော်ရင်ပြင်တွင်လည်း အပူ၊ အအေးခံ စကျင်ကျောက်ပြားများခင်းခြင်း၊ တန်ဆောင်းများဆေးသုတ်မွမ်းမံခြင်း၊ ဆီးမီးထွန်းသည့်ခုံများ အသစ်ပြန်လည်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ရွှေဆံတော်ဂေါပကဘဏ္ဍာတော်ထိန်းအဖွဲ့မှ ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာမှုရှိစေရေးအတွက် သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေး ဝန်ထမ်းများ ထားရှိပေထားသည့်အပြင် CCTV များ စေတီတော်ပတ်ပတ်လည်နှင့် အတက်အဆင်း တန်ဆောင်းမုဒ်များ၌ လည်းတပ်ဆင်ထားကြောင်း ရွှေဆံတော် ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)