လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP   -  ဖေဖော်ဝါရီ ၁၇

လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လမ်းပေါ်နေကလေးများ၏ သဘောသဘာဝနှင့် လမ်းပေါ်နေကလေးဖြစ်ရခြင်းအကြောင်းရင်းများကို ထပ်မံလေ့လာ၍အသိပညာပေးခြင်း၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်း၊ သက်မွေးပညာ၊ အတန်းပညာနှင့် ကျောင်းပြင်ပပညာရေးပံ့ပိုးမှု၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်မှု စသည့်အခန်းကဏ္ဍများအလိုက် အရေးပါသော အစိတ်အပိုင်းများကို ဦးစားပေးနယ်ပယ်သတ်မှတ်၍ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံချက်ကာလအတွင်း ဆောင်ရွက်ပေးခဲ့မှုများ၊ စီမံချက်၏အားသာချက်၊ အားနည်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီတို့မှ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများက လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်အပေါ် ဆောင်ရွက်ပေးခဲ့မှုများ၊ တွေ့ကြုံရသည့်စိန်ခေါ်မှုများနှင့် စီမံချက်အပေါ်သုံးသပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။


လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် မတ်လအထိ ၁၈ လတာကာလ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီပျဉ်းမနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)