မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက(သဲတန်း)ကျောင်း၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက(သဲတန်း)ကျောင်း၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်




MNP   -   ဖေဖော်ဝါရီ  ၈  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က (သဲတန်း)ကျောင်း၌  လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့ညနေ (၃)နာရီအချိန်က ကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဦးစောသိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်နီချေက ကျောင်းသား/သူ များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဖွံ့ဖြိုးစေရန်လေ့လာ သင်ယူနေစဉ်အတွင်း     မကောင်းဆိုးဝါး  မူးယစ်ဆေးဝါး  အန္တရာယ်ကို ဝေးဝေးမှရှောင်နိုင်အောင် “မူးယစ်အန္တရာယ် ပြည်ရန်စွယ်၊ ကာကွယ်တိုက်ဖျက် လက်ချင်းဆက်” ဆောင်ပုဒ်နှင့်အညီ မိမိကအစ လူသားတိုင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကျောင်းသား/သူများ၏ ဗလ(၅)တန်ဖွံ့ဖြိုးရေးကို ဖျက်စီးရုံသာမက လူ့ဘဝကို အညွန့်တုံးစေသော မူးယစ်ဆေးဝါး အန္တရာယ်ကို ဝေးဝေးမှ ရှောင်နိုင်ရန် အကျယ်တဝင့် ဟောပြောသည်။


ထို့နောက် ကျောင်းသား/သူများအား ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတို့ကိုလည်း ကြည့်ရှုလေ့လာကြရန် ပြောကြားခဲ့ကြောင်း သိရသည်။


တင်ဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)