ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများစတင်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများစတင်ထုတ်ပေးလျက်ရှိ





MNP  -   ဖေဖော်ဝါရီ    ၂၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ပေါင်မြို့နယ်တစ်ခုလုံးအတွက်အထက ပေါင်ကျောင်းရွှေရတုခန်းမတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားကြသော  ကျောင်းသား/သူများလိုက်နာရန်အတွက် စာစစ်ဌာနအသီးသီးတွင်ဖြေဆိုကြမည့်  ကျောင်းသား/သူများသည် မိမိတို့၏ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကိုထုတ်ယူကြရန်၊   အခြေခံပညာအထက်တန်းကျောင်း(ကျောင်းခွဲ)နှင့်(တွဲဖက်)အခြေခံပညာ  အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများသည်  မိမိတို့၏စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ကျောင်းအုပ်ကြီးများထံမှထုတ်ယူကြရပါမည်။ပြင်ပမှဖြေဆိုသူများသည်  စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးထံမှထုတ်ယူရမည် ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)