ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲပြုလုပ်





MNP   -   ဖေဖော်ဝါရီ  ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲပြုလုပ်ပွဲကို ယနေ့ နေ့လယ် ၃ နာရီ အ ချိန်က မြို့မအားကစားကွင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။ 


အခမ်းအနားသို့ နယ်မြေခံ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး  နှင့် အဖွဲ့ဝင်များ ၊  မောင်တော နှင့် ဘူးသီးတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ နှင့် အဖွဲ့ဝင်များ ၊ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ဆရာ/မ များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ အားကစားသမားများ နှင့် ပြည်သူ လူထုများ တက်ရောက်အားပေးကြသည်။ 


အဆိုပါ(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသား အလွတ်တန်းဘောလုံး ဗိုလ်လုပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ “Western king FC” နှင့် “ရွှေ ဘူးသီး” အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး “ရွှေဘူးသီး”အသင်းက အနိုင်ရရှိခဲ့သည်။ 


ထို့နောက် ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကိုကျင်းပြုလုပ်ခဲ့ရာ  မောင်တောခရိုင် နှင့် ဘူးသီးတောင်မြို့နယ် အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဘူးသီးတောင်မြို့နယ် အသင်းမှ အနိုင်ရရှိခဲ့သည်။


 ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အ ထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ပြု လုပ်ရာ ပြိုင်ပွဲအတွင်း ပထမ ၊ ဒုတိယ ၊ တတိယ နှင့် အထူးဆုများရရှိသော  အသင်းများအား နယ်မြေခံ စစ်ဆင်ရေး ကွပ် ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များက လည်ဆွဲတံဆပ်နှင့် ဂုဏ်ပြု ဆုများအား အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ 


အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံး ပြိုင်ပွဲအတွင်း နေရာအလိုက် အကောင်းဆုံး ကစား သ မား ဆု ရရှိသူ များအား ပြည်ထောင်စုနေ့ အခမ်းအနား တွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)