MNP - ဖေဖော်ဝါရီ ၁၇
ပူပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိပြီ ဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ် ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဌာနဆိုင်ရာများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေးခြင်း များကို ယမန်နေ့က လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာများသို့ သွားရောက်ပြီး မီးသတ်ဆေးဗူး အဟောင်းနှင့်အသစ်များ လဲလှယ်ခြင်း၊ မီးသတ်ဆေးဗူး အသုံးပြုပုံ ရှင်းလင်းပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မီးဘေးကြောင့် ပြည်သူတို့၏ အသက်၊ အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှု မရှိစေရေးအတွက် မီးသုံးစွဲချိန် ဂရုပြုရေး၊ မီးကြွင်းမီးကျန် မရှိစေရေး၊ မီးသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ တိကျစွာ လိုက်နာရေး၊ လျှပ်စစ်မီးနှင့် လောင်စာဆီများ စနစ်တကျ သုံးစွဲရေးတို့ကို ရပ်ကွက်များသို့ လှည့်လည်၍ လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment