ပေါင်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ





MNP   -  ဖေဖော်ဝါရီ  ၁၀     

  မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်ရှိ အခြေခံပည အထက်တန်းကျောင်းများတွင်၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့်(၇၆ )နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ​ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကယနေ့ နံနက် ၉ နာရီက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့်နိုင်ငံ့ချစ်စိတ်၊မျိုးချစ်များရှင်သန်ထက်မြတ်လာစေရန်အတွက်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေပေးခဲ့သည်။


 အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ( ၂၀) ရက်နေ့က ဖဆပလ အဖွဲ့ချုပ်ကြီးနိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားခဲ့သည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ၁၂- ၂-၂၀၂၂ ရက်နေ့  (၇၅)နှစ်မြောက်စိန်ရတု  ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်ထောင်စုကြီးအဓွန့်ရှည်တို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဉ်သွေးစည်းညီညွတ်ကြပါစို့၊ စည်းလုံးညီညွတ်မှုမှသည်ထာဝရငြိမ်းချမ်းရေးဆီသို့တိုင်းရင်းသားများ စည်းလုံးအားဖြင့်လက်တွဲမပျက် ရှေ့သို့ဆက်ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများစသည့်တို့ပါဝင်သည့်လက်ကမ်းစာစောင်များကိုအသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)