နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်းအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်းအခမ်းအနားတက်ရောက်




MNP ၊ ဖေဖော်ဝါရီ ၂၁

နေပြည်တော်ကောင်စီက ကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှ လှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၄၃၂၀)ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက် (၆)နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ မဟာထေရ်မြတ်အမှူးပြုသော ဆရာတော်ကြီး(၉)ပါးတို့ ကြွရောက် တော်မူကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်တို့ အမှူးပြုသော နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ဆရာတော်ကြီး ကိုးပါးတို့က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်(၄၃၂၀)ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းအစီအစဉ်ကိုဆောင်ရွက်တော်မူကြသည်။


ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ မဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များရွတ်ဖတ်ပူဇော်အပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်များကို နာယူကြသည်။


ယင်းနောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် အလှူရှင်များက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်နှင့် တာဝန်ရှိ သူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့်ဧည့်ပရိတ်သတ်များက နေပြည်တော်တိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်၊ နေပြည်တော်ပျဉ်းမနားမြို့နယ်၊ သရက်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ကြီးထံမှ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


အခမ်းအနားပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိ ဝန်ထမ်းများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီရုံးဝန်ထမ်းများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော်စည်ပင်သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအတွက်  ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူ ကြသည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော် အတွင်း၌ ပထမအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၃၂၂၂)ဆူတို့အား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၃၃၃၉)ဆူတို့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင်လည်းကောင်း ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကို ကျင်းပ၍ လှူဒါန်းခဲ့ပြီး ယခုတတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၄၃၂၀) ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်းအခမ်းအနားကို ကျင်းပပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)