ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား စတင်ထုတ်ပေးလျက်ရှိ






MNP   -     ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆို မည့် ကျောင်းသား/ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ယမန်နေ့ မွန်းလွှဲ ၁၂  နာရီ  နေလယ် ၃ နာရီအထိ သက် ဆိုင်ရာ  စာစစ်ဌာနတွင် ထုတ်ပေးနေပြီ‌ဖြစ်‌ ကြောင်းသိရသည်။  


မောင်တောမြို့နယ်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ၊အမှတ်(၂) အခြေခံပညာ အထက် တန်း ကျောင်းနှင့်  အ.ထ.က(တောင်ပြို) ကျောင်းများ၌ စာစစ်ဌာန(၃)ခုဖွင့်လှစ် ထားရှိသွားမည်​ဖြစ်ပြီး မြို့နယ်အတွင်း တက္က သိုလ် ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ   အတွဲ(၁)တွင် ၂၄၉ ဦး ၊အတွဲ(၂)တွင် ၂၆၁ ဦး ၊ အတွဲ (၇)တွင် ၆၀၈ ဦး ၊အတွဲ(၈)တွင် ၃ ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၁၁၂၁ ဦး ရှိပြီး တက္ကသိုလ်ဝင်ခွင့် စာမေး ပွဲဖြေဆိုခွင့် ကတ်များအား  ယမန်နေ့မှစ၍   သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဘာသာတွဲအလိုက် စာမေးပွဲဖြေဆိုချိန် မ တိုင် မှီအချိန်ထိ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ၊ ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် ကျောင်းသား/ သူများ အနေဖြင့် မှတ်ပုံ တင် မိတ္တူ ၊ ဓါတ်ပုံ(၁)ပုံ  ၊ ရပ်ကွက်ထောက်ခံစာ(မူရင်း) များ ယူဆောင် လာရ မည် ဖြစ် ကြောင်း သိရသည်။  


မောင်တော မြို့နယ်အနေဖြင့် ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၁၂၉၆ ဦး ရှိပြီး အောင်မြင်သူ ၄၇၀ ဦး ရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ  ၃၆ ဒဿမ ၂၇ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။

 

သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)