မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားအား ဒုတိယအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ကပ်လှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားအား ဒုတိယအကြိမ်မြောက် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ကပ်လှူ



MNP  -    ဖေဖော်ဝါရီ ၆

မန္တလေးမြို့၊ မန္တ‌လေးတောင်ခြေရှိ၊ ဘဝရှင်မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ ဒုတိယအကြိမ်မြောက်ရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် ရက်ကန်းရုံတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောက်တော်ကြီးဘုရား ရင်‌ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အစီအစဉ်အရ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူးရုံး ညွှန်ကြားရေးမှူးး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အောင်​မြေသာစံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုး၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရွှေကြာသင်္ကန်းရက်လုပ် ကြမည့် ယက္ကန်းစင်(၉)စင်မှ ယက္ကန်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ  အသီးသီးချီးမြှင့်ပေးကြသည်။


ဖွင့်ပွဲအခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးးမှူး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အောင်​မြေသာစံ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အောင်​မြေသာစံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုး၊ ကျောက်‌တော်ကြီးဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်း အဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်အားပေးကြသည်။


ဆက်လက်၍ တပိုတွဲလပြည့်နေ့၊ဖေဖော်ဝါရီလ ၄ ရက် နံနက် ၇ နာတွင် ရက်လုပ်ပြီးစီးသော ရွှေကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကျင်းပပြုလုပ်ရာ ယက္ကန်းပညာရှင်များနှင့် စက်ချုပ်ပညာရှင် များ(ကိုယ်စား) ခေါင်းဆောင်များက ရွှေကြာသင်္ကန်းအား အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထံသို့ လွဲပြောင်းပေးအပ်ပြီး အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့များ၊ ယက္ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ က ရွှေကြာသင်္ကန်းအား ကိုင်ဆောင်၍ ကျောက်တော်ကြီးမြတ်စွာဘုရားအား လက်ယာရစ် (၃)ပတ် လှည့်လည်ပူဇော်ပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားအား လွှမ်းခြုံဆက်ကပ် ပူဇော်‌ပေးကြသည်။


အခမ်းအနားသို့ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မင်းဟိန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်၊ အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ ယက္ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ကြသည်။


မဟာသကျမာရဇိန်ကျောက်တော်ကြီး မြတ်စွာဘုရားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များနှင့်ဘုရားဖူးပြည်သူများအား အလှူ ရှင် ဒေါက်တာကျော်ဝင်း+ဒေါ်မြင့်မြင့်သန်း(မန်းမြေရာဇာ ကုမ္ပဏီ) မိသားစုက ကောက်ညှင်းဆန်(၁၉၂)ပြည်ကို ထမင်းနဲထိုးကာ ဖေဖေါ်ဝါရီလ ၃ရက်နှင့် ၄ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ထမင်းနဲဖြင့် ကာလဒါနအဖြစ် ကုသိုလ်ပြုကျွေးမွေးကြောင်းသိရသည်။


မြင့်မော်ထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)