MNP - ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဘက်ရဲမြို့ အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃-ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်မြင့်မားရေးနှင့် ရာနှုန်းပြည့်အောင်မြင်ရေး အလေးထား ကြိုးစားဆောင်ရွက်ကြရေး မှာကြားပြီးနောက် ခရိုင်ပညာရေးမှူး ဦးမြင့်အောင်က အောင်ချက်မြင့်မားရေးအတွက် ဆရာ/ဆရာမများ သင်ကြားပေးမှုတွင် အလေးထားလိုက်နာ သင်ယူကြရေးနှင့် စနစ်တကျမှတ်သား ကြိုးစားကြရန်ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်းက မိမိတို့မြို့နယ်အနေဖြင့် နှစ်စဉ်တိုင်းနှင့် မြို့နယ်အဆင့်ဆုများရရှိကြသလို ယခုနှစ်တွင်လဲ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေး အတွက် အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျောင်းသား/သူ တစ်ဦးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ဘက်ရဲမြို့ရှိ (အ.ထ.က) ကျောင်းအတွင်းနှင့်ပြင်ပ စာမေးပွဲဖြေဆိုမည ကျောင်းသား/သူ (၁၂၂) ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၂၂၀၀ဝိ/) အား ဘက်ရဲ (အ.ထ.က) ကျောင်းအုပ်ဆရာကြီး ဦးခိုင်မျိုးဇင်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ ဘက်ရဲ (အ.ထ. က) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်းနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment