နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ နိုင်ငံရေးပါတီ(၃)ပါတီ ထပ်မံ မှတ်ပုံတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ နိုင်ငံရေးပါတီ(၃)ပါတီ ထပ်မံ မှတ်ပုံတင်




MNP ၊ ဖေဖော်ဝါရီ ၂၃

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ဒီမိုကရေစီပါတီသစ် (ကချင်) နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ယမန်နေ့က လာရောက်လျှောက်ထားသွားကြောင်း သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အရ တည်ဆဲနိုင်ငံရေးပါတီများအနေဖြင့်လည်း ဆက်လက်ရပ်တည်မည်ဆိုပါက ရက်ပေါင်း(၆၀)အတွင်း ပြန်လည်တင်ပြရမည်ဖြစ်ပြီး အသစ်တည်ထောင်လိုသော ပါတီများအနေဖြင့်လည်း မှတ်ပုံတင်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ပထမဦးဆုံး ဆက်လက်ရပ်တည်မည့်ပါတီအဖြစ် တင်ပြခဲ့ပြီး အထက်ဖော်ပြပါ (၃)ပါတီ အပါအဝင် နိုင်ငံရေးပါတီ (၈)ပါတီအထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်ရပ်တည်ခွင့် လျှောက်ထားပြီး ဖြစ်သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)