တောင်ကုတ်မြို့၌ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်





MNP   -   ဖေဖေါ်ဝါရီ ၇

ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌လူငယ်များအသိပညာမြင့်မားရေးလာစေရန် ၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိ စေရန်နှင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် Youth Club လူငယ်များ၏ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ကကျင်းပခဲ့ကြောင်းသိရသည်။


စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနု ကစာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာဖတ်ဝိုင်းကိုစတင်ရာ Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် မောင်ထွန်းလင်းအောင် ၊ မောင်မိုးကျော်တင်ဦး၊ မမိုးသဇင်မိုး နှင့် မောင်ဖြိုးဝေစိုး တို့က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုးစာအုပ်ပါ အကြောင်းအရာများကိုဆွေးနွေးကြသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနု က လူငယ်များ၏ ဖတ်ကြားဆွေးနွေးသည့်အကြောင်းအရာများကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)