(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲများပြုလုပ်




MNP    -    ဖေဖော်ဝါရီ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြည်ထောင်စုနေ့အကြောင်းသိကောင်း စရာများ ပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက  အဆိုပါရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားများကို ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 နှင့် Grade-10  ကျောင်းသား/ကျောင်းသူလေးများနှင့်ကြီးကြပ်သူဆရာ/ဆရာမများ စုစုပေါင်း (၇၅)ဦး လာရောက် ကြည့်ရှုလေ့လာကြရာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိဒေါ်မေသက်နွယ်နှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူတို့က နံရံကပ်စာစောင်ပါ အကြောင်းအရာများနှင့် စာအုပ်ပြပွဲတွင်ခင်းကျင်းပြသထားသည့် သမိုင်းဆိုင်ရာစာအုပ် စာစောင်များကို ရှင်းလင်းပြသကြသည်။ ယင်းနောက် မြို့နယ်ဦးစီးအရာရှိက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ရာကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာ နားထောင်ခဲ့ကြကြောင်းသိရသည်။


အဆိုပါ (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲတွင် အမျိုးသားခေါင်းဆောင်ကြီးများ၏ လွတ် လပ်ရေးကြိုးပမ်းမှုသမိုင်းဆိုင်ရာများ၊ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေး အတွက် တိုင်းရင်းသားခေါင်း ဆောင်များနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ရပုံများ၊ ပင်လုံစာချုပ် လက်မှတ် ထိုးနိုင်ခဲ့သည့်အခြေအနေများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဝေဝေဆာဆာပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် သမိုင်းဆိုင်ရာများနှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်စားဘွယ် ခင်းကျင်းပြသထားရှိကြောင်းသိရသည်။


နေအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)