မိုင်းဖြတ်မြို့နယ် နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ် နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း


MNP   -   ဖေ​ဖော်ဝါရီ ၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လစဉ်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ  နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ (၁၂)ကြိမ်မြောက်  ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက  ​ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ ကျောင်းတိုက်ရှိ မင်္ဂလာသီရိ​ဓမ္မာရုံ၌ ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။ ရှေးဦးစွာ နမ့်ပန်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညာသိရီထံ  ပရိသတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ကြသည်။


ထို့နောက် ဆရာတော် ဘဒ္ဒန္တပညာသိရီထံ  စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက  ဆွမ်းဆန်၊ စားဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထု​ငွေများကို ဆက်ကပ်လှူဒါန်းခဲ့​​သည်။ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။


ထိုသို့ ဆက်ကပ်လှုဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်း​တော်ကြီး​ကျောင်းများတွင် သီတင်းသုံး​တော်မူ​သော သံဃာ​တော်များ ဆွမ်းအခက်အခဲ မရှိ​စေ​ရေးအတွက် တစ်လလျှင်တစ်ကြိမ် အလှည့်ကျဘုန်း​တော်ကြီး​ကျောင်းများသို့  ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)