ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ အဝင်အထွက်များလာသဖြင့် တရားမဝင်ကုန်သွယ်မှုများဖြစ်ပေါ်နိုင်သည့်အတွက် အထူးဂရုပြုစစ်ဆေးကြပ်မတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ အဝင်အထွက်များလာသဖြင့် တရားမဝင်ကုန်သွယ်မှုများဖြစ်ပေါ်နိုင်သည့်အတွက် အထူးဂရုပြုစစ်ဆေးကြပ်မတ်


MNP   -  ဖေဖော်ဝါရီ ၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခင်းကျင်း ပြသမည့် အထိမ်းအမှတ်ပြခန်း တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားသည်။


ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အစည်းအဝေးခန်းမ (YACL) ၌ ကျင်းပသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးတွင် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးက ယခုအချိန်၌ ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ အဝင်အထွက်များပြားလာပြီဖြစ်သဖြင့် တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြု စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် အထူးအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များ အပေါ် ကော်မတီအတွင်းရေးမှူးက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)