MNP - ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံနှင့် နောင်ဘိုကန်လမ်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ယာဉ်ထိန်းရဲ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော် ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ ယဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိုခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ်ပွားရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment