အိမ်မဲမြို့တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ


MNP  -   ဖေဖော်ဝါရီ ၄

လူငယ်များဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်များနာထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်ပြီး အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ရှမ်းကွင်းသူဌေးကုန်းကျေးရွာ အ.လ.ကကျောင်းတွင် ယမန်နေ့နံနက် (၁၁) နာရီတွင် ကျင်းပသည်။


အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပေးပြီး မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်သူများအတွက် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်အိအိမျိုးက လူငယ်နှင့် အားကစားခေါင်းစဉ်များဖြင့် အသီးသီးပြောကြားခဲ့ သည်။


ဆက်လက်ပြီးလူငယ်စကားဝိုင်းကျင်းရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီး အရာရှိ ဒေါ်ဌေးဌေးလှိုင်၊ လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်အိအိမျိုးတို့နှင့်အတူ Grade -8 မှ စနိုဗယ်ဘွိုင်းက မူးယစ်ဆေးဝါးသုံးစွဲမိသည့်အကြောင်းအရင်း၊ Grade -9မှ စချမ်းကိုကိုက မူးယစ်ဆေးဝါးသုံးစွဲသူ၏ သွင်ပြင်လက္ခဏာ၊ Grade-9 မှ နန့်ခင်ခင်ထွေးက မူးယစ်ဆေးဝါးအကြောင်း၊ Grade-8 မှ နန့်ဇွန်ဖူးဝေက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအပြင် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ ဖတ်မှတ်ထားသည့် သုတ၊ ရသ စာအုပ်များမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏အန္တရာယ်အကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်းအပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။


ထို့နောက်အ.လ.က ရှမ်းကွင်းသူဌေးကုန်း ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်း လာရောက် ပြုလုပ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)