(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်လှစ်





MNP  -  ဖေဖော်ဝါရီ ၁၁

 ပဲခူးမြို့၊ မြို့မရဲစခန်းဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးဆန်းညွန့်လှိုင်နှင့်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ ပဲခူးမြို့မရဲစခန်း (၄)ခန်းတွဲ(၄)ထပ် အရာထမ်းအိမ်ရာ အဆောက်အဦသစ်အား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၄၃၁.၁၈၉) သန်းဖြင့်   တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)