ရခိုင်ပြည်နယ် မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး






MNP   -      ဖေဖော်ဝါရီ  ၁၄

 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်                           ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား အခမဲ့  ကျန်းမာရေးကာကွယ်စောင့်ရှောက်ခြင်းကို ယနေ့ နံနက် ၉ နာရီမှ စ၍ သီရိမင်္ဂလာ ခန်းမ တွင် ဆောင်ရွက်ပေးခဲ့ကြရာ နယ်မြေခံ စစ်ဆင်ရေး ကွပ် ကဲရေးမှူး ဗိုလ်မှူး ချုပ်သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး ကံထွန်းအောင် နှင့် အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာအ ဖွဲ့ဝင် များ နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့တွင် ပါဝင်သောသမားတော်၊ ခွဲစိတ်ပါရဂူ၊ မျက်စိပါရဂူ၊ ကလေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ အထွေထွေရောဂါကုသရေး ပါရဂူများသည် ဒေသ ခံ ပြည်သူများအား မျက်စိရောဂါ ၊ သွား နှင့် ခံတွင်းရောဂါ ၊ ကလေးရောဂါ ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၊  အ ထွေထွေရောဂါ နှင့် ပတ်သတ်၍  လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ECG နှင့် အမ်ထရာ ဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကို ကျန်းမာရေးကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးပြီး လူနာ စုစုပေါင်း (၁၃၅၁)ဦးအား အခမဲ့ဆေးကုသမှု ပေးခဲ့ကြောင်းသိရသည်။  အဆိုပါ ဆေးဝါးကုသရန် ရောက် ရှိလာသော ဒေသခံပြည်သူများအား နယ်မြေခံ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အာဟာရဖြည့်စွက်စာများကို ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းသိရသည်။  


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)