ဂွမြို့နယ်၌ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်



MNP   -     ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းက မြို့နယ်ရုံးရှေ့မြေစိုက်နံရံကပ်တွင် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြုလုပ်ပြသ ဆောင်ရွက်ခဲ့သည်။


အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ - ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေး ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် နိုင်ငံတော်အကြီးအကဲများ၏ တွေ့ဆုံခဲ့မှု မှတ်တမ်း ဓာတ်ပုံများ ပညာပေးပြသထားရှိကြောင်းနှင့်နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆောင်ရွက်နေမှုများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်အလုပ်လျှောက်လွှာခေါ်ယူခြင်းလုပ်ငန်းများကိုလည်း ပြသဆောင်ရွက်ပေးလျက်ရှိရာဒေသခံပြည်သူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)