အမ်းမြို့ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း ၌ လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း ၌ လူငယ်စကားဝိုင်း ကျင်းပ





MNP   -    ဖေဖော်ဝါရီ ၁၀

       ရခိုင်ပြည်နယ်၊  အမ်းမြို့နယ်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း ၍ သင်တန်း သားအမျိုးသမီးငယ်များ အသိ ပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေး နွေးသည့် အလေ့အ ထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူး ပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေး ခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊အကောင်း အဆိုးအမှား အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ် ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့ မှောက်တွင် ပြောရဲ ဆိုရဲသည့်သတ္တိ ရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည် ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ်နာရီ၁ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာအမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


      အခမ်းအနားတွင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း ခေတ္တကျောင်းအုပ်ဆရာမကြီးဒေါ်သီတာအေးကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်စာဖတ်သူလူငယ်များ၏အာသာချက် ၊လူတစ်ယောက်၏တန်ဖိုးခေါင်စဥ် များဖြင့်လည်းကောင်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ဝေက ကိုယ်လက် လှုပ်ရှားအားကစား ကဏ္ဍဆိုင်ရာများနှင့် ဆွေးနွေးပြောကြားခဲ့သည်။


     ဆက်လက်၍လူငယ် စကားဝိုင်းဆွေးနွေးပွဲကိုဆကျင်းပခဲ့ရာ၊အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ် ငန်းပညာ သင်တန်းကျောင်း၊အဆင့်မြင့်အိမ်မှုအပ် ချုပ်သင်တန်းအမှတ်စဥ် (၅)မှ သင်တန်းသူ မစန္ဒာ ခိုင်က စာဖတ်ပါ ခေါင်းစဥ်ဖြင့်လည်းကောင်း၊မခင် မိုးလှိုင်က လူမှုကွန်ယက်ပေါ်မှအန္တရာယ်များခေါင်း စဉ်ဖြင့်လည်းကောင်း၊မတင်နီလာထွေးကလူငယ် နှင့်မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဥ်ဖြင့်လည်း ကောင်း၊မထက်ထက်စိုးမှ လူငယ်များသိသင့်သည့်အချက်များခေါင်စဥ်ဖြင့်တစ်ဦးချင်းစီ၏ အမြင်များအားဆွေးနွေးခဲ့ကြသည်။


    အခမ်းအနားသို့ သင်တန်းသူ(၃၀)ဦးတက်ရောက် ကာဆွေးနွေးမှုနှင့်ပတ်သက်၍လည်းကောင်းအခြား သိရှိလိုသည်များအားလည်းကောင်းမေးမြန်း ခဲ့ရာတာဝန်ရှိသူများက ပြန် လည်ဖြေ ကြားရှင်း လင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးနံရံကပ်စာ စောင်များကိုသင်တန်းသူများကစိတ် ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)