ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၃

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နေပြည်တော် ဓနသိဒ္ဓိရပ်ကွက် ဧက ၁၀၀၀ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ ယနေ့ညနေပိုင်းက ကျင်းပရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းမိသားစု အသင်းပေါင်း ခုနစ်သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။


မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်း မြှင့်တင်ရန်၊ မြန်မာ့ရိုးရာ ထမနဲပွဲမှ သင်ခန်းစာဖော်ထုတ်၍ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းစွမ်းဆောင် အားထုတ်မှုများဖြင့် ဌာနတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းမှာကြားပြီး အရာထမ်း၊ အမှုထမ်းမိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းခုနစ်သင်းတို့၏ အားကြိုးမာန်တက် ပျော်ရွှင်စွာ ထမနဲထိုးယှဉ်ပြိုင်မှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။


ဆုများပေးအပ်ချီးမြှင့်


ပြိုင်ပွဲအပြီးတွင် ပထမဆုရရှိသည့် စီမံရေးရာ ဌာနအသင်း၊ ပူးတွဲဒုတိယဆုရရှိသည့် ကွန်ပျူတာ ဌာနနှင့် နေပြည်တော်ရုံးအသင်းတို့အား ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် အသင်း လေးသင်းအား ဒုတိယညွှန်ကြားရေးမှူးချုပ် ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နေပြည်တော်၌ ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုပြိုင်ပွဲသည် (၁၂)ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး နောင်နှစ်များတွင်လည်း အစဉ်အလာကို ထိန်းသိမ်းလျက် ပုံမှန်ကျင်းပဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)