MNP - ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဝါးတရာကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ထိန်နှစ်ပင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်ဂဝံလမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက အဆိုကျေးရွာနှစ်ရွာတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန လုပ်ငန်းများဖြစ်သည့် ဝါးတရာကျေးရွာရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ထိန်နှစ်ပင်ကျေးရွာရှိ တင်ဒါအောင်ကုမ္ပဏီမှ ကုန်ထုတ်ဂဝံလမ်းအရှည်(၁)မိုင် ၂.၆ ဖာလုံ၊ အကျယ်(၁၂)ပေ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ကောင်မွန်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကုန်ထုတ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကုမ္ပဏီမှတာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။
အဆိုပါကုန်ထုတ်လမ်းဖောက်လုပ်ပြီးပါကလည်း စိုက်ပျိူးရေးလုပ်ငန်းများ၏ ထုတ်ကုန်များ ပိုမိုလွယ်ကူစွာသယ်ပို့နိုင်မည်ဖြစ်ပြီး ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်
https://t.me/MyanmarNationalPost
No comments:
Post a Comment