လက်ထောက်မူလတန်းပြ ဆရာ၊ဆရာမများခန့်ထားနိုင်ရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ထောက်မူလတန်းပြ ဆရာ၊ဆရာမများခန့်ထားနိုင်ရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်




MNP  -   ဖေဖော်ဝါရီ ၆

လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ပညာရေးဌာနအတွက် တစ်ထောင့်တစ်နေရာမှ အားသစ်လောင်းပေးမည့် ပညာရေးဝန်ထမ်းအသစ်များအနေဖြင့် သင်တန်းပြီးသည့်အခါ ရောက်ရှိမည့်ဒေသ၊ ဘာသာစကား၊ နေထိုင်မှုဓလေ့အရ ကိုက်ညီနိုင်မှုရှိမည်မဟုတ် သော်လည်း သည်းခံခွင့်လွှတ်ခြင်းနှင့်အတူ စိတ်စေတနာ အရင်းခံကာ ပညာရေးအလှူဒါန တစ်ခုအဖြစ် သဘောထားပြီး နိုင်ငံ့သားကောင်းသမီးကောင်းများပေါ်ထွန်းလာအောင်တပည့်ကလေးများကို ကြိုးစားသင်ကြားပေးကြရန် တိုက်တွန်းလိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းရမည့်အပြင် အမုန်း တရားပါသောစကားများပြောခြင်းမပြုဘဲ မိမိတို့၏သင်ကြားရေးတာဝန်များနှင့် ကလေးငယ်များ၏ အနာဂတ်အတွက် ရည်ရွယ်ပြီး နေထိုင်လုပ်ကိုင်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရက်တိုသင်တန်းသား ဆရာ၊ဆရာမများအား ငွေကျပ် ၁၄၂၀၀၀၀ (တစ်ဆယ့်လေးသိန်းနှစ်သောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသား ဆရာ၊ဆရာမများ ကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။


လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဆရာ၊ဆရာမ ၇၁ ဦးတက်ရောက်ကြပြီး အထက်တန်းနှင့်အလယ် တန်းကျောင်းအုပ်ကြီးများက ဝန်ထမ်းကျင့်ဝတ်၊ ဆရာကျင့် ဝတ်၊ စည်းမျဉ်း၊  စည်းကမ်းဆိုင်ရာများ၊ နိုင်ငံဥပဒေ၊ နည်းဥပဒေ၊ ပညာရေးမူဝါဒနှင့် သင်ကြား၊ သင်ယူမှုဆိုင်ရာ ဆရာ့အတတ်ပညာဘာသာရပ်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့ထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)