ချမ်းမြသာစည်မြို့နယ်တွင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်တွင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း


MNP    -    ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၁) နာရီက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အခမ်းအနားတွင် စာရေးဆရာ ဘုန်းဇော်မိုး-ဥဿာ (စာပေစေတမန်) က စာအုပ်စာစောင်များ လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင် းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင် အများပြည်သူ လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ် များအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက လက်ခံရယူခဲ့ပြီး‌နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။


စာအုပ်စာစောင်လှူဒါန်းပွဲ အခမ်းအနားသို့ စာပေစေတမန် (စာပေသုခုမရင်ပြင်) မှ နာယကဆရာ ဘုန်းဇော်မိုး-ဥဿာနှင့် စာရေးဆရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။


ခင်စိမ်း၀င်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)