အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ “လူငယ်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ “လူငယ်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ









MNP  -   ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်း ပညာကောလိပ်(ကျောက်ဖြူ)တို့ပူးပေါင်း၍ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အစိုးရနည်းပညာကောလိပ်ရှိ စုဝေးခန်းမတွင်  ကျင်းပပြုလုပ်သည်။


ဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(အဖွဲ့ဝင်) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက  လူငယ်စကားဝိုင်းပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ 


ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ     ဦးသိန်းထွန်းအောင်မှ (Moderator) ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မှ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ် ကျောင်းသား မောင်ဉာဏ်ထက်လင်း၊ မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်ငြိမ်းခန့်သူ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသား မောင်မျိုးသက်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ် ကျောင်းသား မောင်နိုင်သန်းဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသူ မထက်ထက်ဝေနှင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ပထမနှစ်ကျောင်းသူ မအေးအေးသိန်းတို့က “လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပြောကြားသည်။


 ယင်း နောက်  တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများမှ ဆွေးနွေးပြောကြားချက်များအပေါ် မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေ ကြားခဲ့သည်။  


ထို့နောက် ဦးဆောင်ပါဝင်ဆွေးနွေးသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပေးအပ်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)၊ ကျောင်းအုပ်ကြီး ဒေါက်တာအောင်မွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသ စာအုပ်စာစေင်များအား စိတ်ပါဝင်စားစွာ ဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ 


အဆိုပါဆွေးနွေးပွဲသို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ် ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)