နေပြည်တော်ဓမ္မဒူတမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် သောတာပန်ဆီအလှူတော်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ဓမ္မဒူတမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် သောတာပန်ဆီအလှူတော်အခမ်းအနားကျင်းပ





MNP  -   ဖေဖော်ဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအတွက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ ဦးဆောင်သည့် ဓမ္မဒူတမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် သောတာပန်ဆီအလှူတော်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန် တော်ကြီး၌ကျင်းပရာ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ အမှူးပြုသည့် ဆရာတော်သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြသည်။


ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ(ငြိမ်း) ဦးတင်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဧည့်ပရိတ်သတ်များက လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်ကြီးများထံ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ(ငြိမ်း) ဦးတင်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်အမှူးပြုသည့် ဧည့်ပရိတ်သတ်များက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒထံမှ သာဓုအနုမောဓနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ယနေ့ကျင်းပသည့် ဓမ္မဒူတမိသားစုများ၏ သောတာပန်ဆီအလှူတော်အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက် (၅၇)တိုက်အတွက် ဆီ(၂၃၂၅)ပိဿာအား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)