MNP - ဖေဖော်ဝါရီ ၁
အဲဗာတန်အသင်းဟာ ဖရန့်လမ်းပတ်ထွက်ခွာပြီးနောက် နည်းပြချုပ်ရာထူးအတွက် ဘန်လေအသင်းနည်းပြဟောင်း ရှောင်ဒိုက်ခန့်အပ်ခဲ့သည်။အဲဗာတန်အသင်းဟာ နည်းပြသစ် ရှောင်ဒိုက်ကို ၂၀၂၅ ခုနစ်အထိ ၂နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရသည်။
အဆိုပါ အသက် ၅၁နှစ်အရွယ် အင်္ဂလန်လူမျိုး နည်းပြကြီးကတော့ "အသင်းရဲ့ လူစာရင်းက အရည်အသွေးရှိပါတယ်။ ဒါပေမဲ့ သူတို့ကို တောက်ပလာအောင် လုပ်ပေးရမှာပါ။ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့်နည်းပြအဖွဲ့ရဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ဒီထိပ်တန်းအသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ပို့ပေးဖို့ ကျွန်တော်တို့ကတော့ စိတ်အားထက်သန်မှုအပြည့်နဲ့ အသင့်ဖြစ်နေပါပြီ"ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment