ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် ရွှေဗဟိုလ်ကျေးရွာ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် ရွှေဗဟိုလ်ကျေးရွာ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားပြုလုပ်






MNP  -   ဖေဖော်ဝါရီ  ၁၁

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့နယ် ၊ ရွှေဗဟိုလ်ကျေးရွာ၌  (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပေးရေးဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ ခရိုင် ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအတွင်းမှဒေသခံပြည်သူများ တက်ရောက် ခဲ့ကြ သည်။ 


ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်း က   ကျေးရွာ ရေပေး ရေးလုပ်ငန်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင်  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေပေးရေးအနေဖြင့်  ပြည်ထောင်စု နှင့် ပြည်နယ်အစိုးရရန်ပုံငွေဖြင့်  မောင်တော မြို့နယ်အတွင်း လုပ်ငန်း ၁၃ ခု ၊ဘူးသီးတောင်မြို့နယ်အတွင်း လုပ်ငန်း ၈ ခု အား ခွင့်ပြုငွေကျပ်သိန်း ၇၁၈၇ ဒဿမ ၉၂ သိန်းဖြင့်  ကုမ္ပဏီများမှ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုဖွင့်လှစ်သည့် ရွှေဗဟိုလ်ကျေးရွာ ရေပေးရေးလုပ်ငန်း အနေဖြင့်  ရေပိုက်လိုင်းသွယ်တန်းခြင်း ၇၂၀၀ ပေ ၊ ရေစုကန် ဂါလံ ၅၀၀၀ ဆံ့ တစ်ကန် အား ခွင့်ပြုငွေကျပ် ၂၆၀ သိန်းဖြင့် ဂိုးဒင်း ကမ္ဘာကုမ္ပဏီမှ ဆောင်ရွက်ပေးခဲ့ပြီး အိမ်ခြေ ၇၆ ၊ လူဦးရေ ၃၃၉ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း နှင့်   နှစ်စဉ် နွေရာ သီရောက်လျှင်ရေရှားပါးသည့် ကျေးရွာဖြစ်သည့်အတွက် ယခုနှစ်နွေရာသီတွင် ရေဖူလုံစွာသုံးစွဲနိုင်မည့်ဖြစ်ပြီး ကျေးရွာသူ/ သား များအနေဖြင့် ရေပေးရေးလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်း ထိန်း သိမ်း ဆောင်ရွက်ပေးကြရန် စသည့်တိုကို ရှင်းလင်းပြောကြားပြီးနောက် ရွှေဗဟိုလ်ကျေးရွာသူ ၊ကျေးရွာ သားများ ကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


  ဆက်လက်၍ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်း ကဖွင့်ပွဲ အခမ်း အနား အမှတ်တရ အလံငယ်များကို  တာဝန်ရှိသူများထံ ပေးအပ်ပြီး အခမ်းအနားကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦး နေဦး ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူးကြီးကျော်သူဝင်း ၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်း တို့ကဖဲကြိုး ဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော သူများမှ   ရေပေးဝေရေးဆောင်ရွက်မည့် ရေစု ကန် အား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)