ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကာ ဘိဝံသ၏ သက်တော်(၈၄) နှစ်ပြည့် မွေးနေ့ ကုသိုလ်တော်မင်္ဂလာ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကာ ဘိဝံသ၏ သက်တော်(၈၄) နှစ်ပြည့် မွေးနေ့ ကုသိုလ်တော်မင်္ဂလာ ကျင်းပပြုလုပ်





MNP ၊ ဖေဖော်ဝါရီ ၁၉

နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ သက်တော်(၈၄) နှစ်ပြည့်မွေးနေ့ ကုသိုလ်တော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်ရှိ စိန်ရတုသာသနာ့ မင်္ဂလာတော်ကျောင်းဆောင်ကြီး၌ ပြုလုပ်ရာ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီရံကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ပါဠိပါရဂူ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။


ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များက လှူဒါန်းသည် အလှူငွေများ ကို တိုင်းမှူးက လက်ခံရယူသည်။


၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော်ထံမှ ဩဝါဒတရားများနှင့် မဇ္ဈိမဂုဏ်ရည်မဟာစည် သာသနာ့ ရိပ်သာကြီးများ၏ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မ ဋ္ဌာနာစရိယ၊ မဇ္ဈိမဂုဏ်ရည် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကောဝိဒထံမှ အနုမောဒနာတရားများ နာယူခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)