မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်ဒေသကြီး၊ တွံ​တေးခရိုင်၊ တွံတေးမြို့နယ်အတွင်း၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့နံနက် (၉)နာရီမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့သို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဦးစီးအရာရှိ ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လျှပ်စစ်မီးစနစ်တကျသုံးစွဲခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဘူး ထားရှိအသုံးပြုရန် အဆင်သင့် ရှိ/မရှိ၊ နေအိမ် ခြံဝန်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမှိုက်သရိုက်ကင်းစင်ရေးနှင့် ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်ထားရှိမှုတို့ကို စစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)