ဂွမြို့၊ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့မြေ တောင်တက်ကွန်ကရစ် လမ်း သစ်နှင့် မင်းတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး မုခ်ဦးဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့၊ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့မြေ တောင်တက်ကွန်ကရစ် လမ်း သစ်နှင့် မင်းတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး မုခ်ဦးဖွင့်ပွဲပြုလုပ်


MNP ၊ ဖေဖော်ဝါရီ  ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်ရှိ မင်းတောင်သာသနာ့မြေ တောင် တက်ကွန်ကရစ်လမ်းသစ်နှင့် မင်းတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး မုခ်ဦးဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင်ပြုလုပ်ရာ မန္တလေးမြို့၊ မဟာသုန္ဒရာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနာ့ဓဇ အစိုးရဓမ္မာစရိယ ဘဒ္ဒန္တအာဝုဓ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မင်းတောင်သာသနာ့မြေ ကွန်ကရစ်လမ်းသစ်နှင့် မင်းတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး မင်းတောင် သာသနာ့မြေ တောင်တက်ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေး သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြ သူများက မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် အလှူရှင်များဖြစ်ကြသည့် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ သာရင်မြတ်နှင့် ဇနီး သီဟသုဓမ္မ သိင်္ဂီ ဒေါ်နွယ်နွယ်အေးမိသားစုတို့က ဂွမြို့ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ် သိန်း ၁၀၀ ကိုပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)