မင်းဘူးမြို့၌ တပို့တွဲလ မြန်မာ့ရိုးရာထမနှဲထိုးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ တပို့တွဲလ မြန်မာ့ရိုးရာထမနှဲထိုးပြိုင်ပွဲ ကျင်းပ





MNP   -    ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က မင်းဘူးမြို့ ပြည်သူ့ပန်းခြံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


မြန်မာတို့၏ (၁၂)လရာသီ ပွဲတော်များအနက် တပို့တွဲလသည် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လေ့ရှိသောကာလဖြစ်ပြီး ထမနှဲထိုးရာတွင် အဓိကပါဝင်သောပစ္စည်းများမှာ ကောက်ညှင်းဆန်၊ မြေပဲလှော်၊ နှမ်းလှော်၊ အုန်းသီး၊ နှမ်းဆီ (သင့်တော်ရာဆီ)၊ ဂျင်း၊ သကြား၊ ဆား စသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ ထမနှဲထိုးရကာ ရရှိလာသောထမနဲများကို ဘုရားဆွမ်းကပ်ခြင်း၊ ဘုန်းကြီးဆွမ်းလောင်းလှူခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းနှင့် အနီးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများကို ပေးဝေလေ့ရှိကြောင်း သိရသည်။


မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲတွင် ထွေ/အုပ်(က)အသင်း၊ ထွေ/အုပ် (ခ)အသင်း၊ စည်ပင်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းဦးစီး၊ မီးသတ်၊ လဝကနှင့် မန်းရေနံမြေ စသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၉)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်လူကြီးမင်းများက ပြိုင်ပွဲဝင်အသင်းများ ကြိုးစားယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားပေးခဲ့ကြသည်။


ထမနဲထိုးပြိုင်ပွဲတွင် အခင်းအကျင်းပြင်ဆင်မှု၊ ပြိုင်ပွဲဝင်များ ဝတ်စားဆင်ယင်မှု၊ စည်းလုံးညီညွတ်မှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အချိန်မီပြီးစီးမှုစသည့် သတ်မှတ်ထားသော အမှတ်ပေးစည်းမျည်းများနှင့်အညီ အမှတ်ပေးကာ အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးအသင်းက ပထမဆု၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အသင်းက ဒုတိယဆု၊ မြို့နယ်ကျန်းမာရေးအသင်းက တတိယဆုနှင့် ကျန်အသင်းများမှာ နှစ်သိမ့်ဆုများရရှိခဲ့ကြပြီး ဆုရရှိသောအသင်းများ၊ ရိုးရာခြင်းလုံးခတ်အဖွဲ့နှင့် ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့တို့ကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများကဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မောင်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)