(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဘဲကုန်းကျေးရွာ ဆိုလာစွမ်းအင်သုံး စက်ရေတွင်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နဘဲကုန်းကျေးရွာ ဆိုလာစွမ်းအင်သုံး စက်ရေတွင်းဖွင့်ပွဲကျင်းပ



MNP   -   ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဥက္ကံကျေးရွာအုပ်စု နဘဲကုန်းကျေးရွာတွင် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစွမ်းအင်သုံးစက်ရေတွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ နဘဲကုန်းကျေးရွာစက်ရေတွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၁၇ ဒသမ ၉၅ သန်းဖြင့် ၄ ဒသမ ၅ လက်မ ပေ ၃၀၀ တွင်းနက်တစ်တွင်း၊ ဂါလံ ၅၀၀၀ ဆံ့ရေစုကန်တစ်ခုနှင့် ဆိုလာရေတင်စနစ်တို့ပါရှိကြောင်း ဥက္ကံကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ကျွန်းကုန်းကျေးရွာနှင့် နဘဲကုန်းကျေးရွာတို့မှ အိမ်ခြေ ၂၃၇ အိမ်မှ လူဦးရေ ၇၅၀ ကျော်တို့မှ သန့်ရှင်းသော သောက်သုံးရေရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဥက္ကံကျေးရွာအုပ်စုအတွင်း ကျေးရွာလေးရွာမှ ဒေသခံပြည်သူများ သောက်ရေကန်တစ်ခုတည်းကိုသာ အားကိုးအသုံးပြုခဲ့ရသောကြောင့် နွေရာသီရေရှားပါးချိန်တွင် သောက်သုံးရေအတွက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ကြောင်း ယခုဆိုလာရေတင်စနစ်ဖြင့် စက်ရေတွင်းရရှိခဲ့သောကြောင့် ကျေးရွာနေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။


ဇေယျာထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)