မိုင်းယန်းမြို့၌ (၂၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့၌ (၂၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ



MNP  -   ဖေဖော်ဝါရီ ၈

ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်တန်ဖိုးထားတက်စေရန်နှင့် ရည်ရွယ်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၂ နာရီက ပါမိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၂၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့် အကျိုးကျေးဇူးများကို ဥပမာ၊ သာဓကများနှင့် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ထို့နောက် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား သုတ/ ရသ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်စေရန် အတွက် ခင်းကျင်းပြသငှားရမ်းပေးခဲ့ပြီး “မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ” ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကိုပြသရာ စိတ်ဝင်တစ်စားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းထူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)