MNP - ဖေဖော်ဝါရီ ၆
ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၂၀၂၃ ခုနှစ် နှစ်ဦးကာလအတွက် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
ထောက်ပံ့ပေးအပ်ပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အရာထမ်း၊ အမှုထမ်းများ၏ သက်သာချောင်ချိရေး အထောက်အပံ့ဖြစ်စေရန် ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေစာအုပ်များထုတ်ဝေခြင်းနှင့် သက်သာချောင်ချိရေးရန်ပုံငွေမှ ပေးအပ်ခြင်းဖြစ်ကြောင်း၊ နှစ်သစ်တွင် ပျော်ရွှင်တက်ကြွစွာဖြင့် တာဝန်ကျေပွန်စွာ ရုံးလုပ်ငန်းများဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများထံသို့ ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment