ပြည်ပြေး ဝရမ်းပြေးများ၏ လှုံ့ဆော်မှုများတွင် ပါဝင်ပြီး အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သော ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေးများ၏ လှုံ့ဆော်မှုများတွင် ပါဝင်ပြီး အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သော ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်


၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၃ 

တိုင်းပြည်၏ အချုပ်အခြာအာဏာကို မဲလိမ်မဲခိုး၍ မသမာသောနည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့သော NLD ပါတီဦးဆောင်သူများအနေဖြင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ စ၍ ဆူပူအကြမ်းဖက် လှုံ့ဆော်မှုအမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်း သွားခဲ့ကြသည်။ ပြည်ပြေး ဝရမ်းပြေးများ၏ ဆူပူအကြမ်းဖက် လှုံ့ဆော်မှုများတွင် ပါဝင်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့သော NLD အစွန်းရောက် အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများထဲမှ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ တရားရုံးများက ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

၂၀-၂-၂၀၂၃ ရက်နေ့တွင် ပေါက်မြို့နယ်မှ (၁၀)ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

(၁) မင်းတပ်မြို့၊ အနောက်ရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ ပေါက်မြို့နယ်အတွင်း အကြမ်းဖက်သမားနှင့် ပူးပေါင်းကာ လုံခြုံရေးအဖွဲ့များ၏ သွားလားလှုပ်ရှားမှုများအား အကြမ်းဖက်သမားများထံ သတင်းပေးလျက်ရှိသူ တရားခံ ဟုန်းရှယ် အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊ 


(၂) ပေါက်မြို့နယ်၊ ရေဖြူကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်သမားနှင့် ပူးပေါင်းကာ လုံခြုံရေးအဖွဲ့များ၏ သွားလားလှုပ်ရှားမှုများအား အကြမ်းဖက်သမားများထံ သတင်းပေးလျက်ရှိသူ တရားခံ မောင်ညိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊


(၃) ပေါက်မြို့နယ်၊ ဖိုးဖြူလုံးကန်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်သမားနှင့် ပူးပေါင်းကာ လုံခြုံရေးအဖွဲများ၏ သွားလားလှုပ်ရှားမှုများအား အကြမ်းဖက်သမားများထံ သတင်းပေးလျက်ရှိသူ တရားခံ ကျော်ကျော်လွင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊


(၄) ပေါက်မြို့နယ်၊ ဖိုးဖြူလုံးကန်ကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်သမားနှင့် ပူးပေါင်းကာ လုံခြုံရေးအဖွဲများ၏ သွားလားလှုပ်ရှားမှုများအား အကြမ်းဖက်သမားများထံ သတင်းပေးလျက်ရှိသူ တရားခံ မှတ်တင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊ 


(၅) ပေါက်မြို့နယ်၊ ဝါးတောကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်သမားနှင့် ပူးပေါင်းကာ လုံခြုံရေးအဖွဲများ၏ သွားလားလှုပ်ရှားမှုများအား အကြမ်းဖက်သမားများထံ သတင်းပေးလျက်ရှိသူ တရားခံ ဇော်မျိုးဝင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊

(၆) ပေါက်မြို့နယ်၊ ရေဖြူကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်သမားများနှင့် ပူးပေါင်းပြီး အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ တရားခံ ကျော်မင်းစိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊ 


(၇) မတူပီမြို့နယ် ဝလံတဲကျေးရွာတွင် နေထိုင်လျက်ရှိပြီး ပေါက်မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် ပူးပေါင်းပြီး လုံခြုံရေးအဖွဲများ၏ သွားလားလှုပ်ရှားမှုများအား အကြမ်းဖက်သမားများထံ သတင်းပေးလျက်ရှိသူ တရားခံ ကျော်မင်းစိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊ 


(၈) ပေါက်မြို့နယ် ခင်တန်းရှည်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမား နှင့်ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တရားခံ  ပြည့်စုံအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊


(၉) ထီးလင်းမြိုနယ် ကျိုင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ပေါက်မြိုနယ်အတွင်း အကြမ်းဖက်သမား နှင့်ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တရားခံ  နိုင်မင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်၊


(၁၀) ပေါက်မြိုနယ် ကိုင်းလယ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမား နှင့်ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တရားခံ  မပန်းစုမွှေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


အလားတူ ၂၀-၂-၂၀၂၃ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် နေထိုင်လျက်ရှိ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်သမားများအား ထောက်ပံ့ပေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ဦးဝင်း(ခ)ဦးချက်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ်၊ ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေလျက်ရှိသူ တရားခံ ချစ်နိုင်(ခ)ဆရာချစ်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်၊ ရေစကြိုမြို့နယ်၊ အညာတောကျေးရွာတွင် နေထိုင်လျက်ရှိ၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေ လျက်ရှိသူ တရားခံ ထွန်းရဲအောင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်တွင် နေထိုင်လျက်ရှိ၍ ဝန်းထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေးတိုက်တွန်းလှုံ့ဆော်ခဲ့ပြီး ဆန္ဒပြမှုများတွင် လိုက်ပါဆောင်ရွက်ခဲ့သူ တရားခံ ပန်းနိုင်ကျော်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် နေထိုင်သော အွမ်ဂေသည် စစ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည်ကို သိရှိပါသော်လည်း မင်းတပ်မြိုနယ် ထွီးအိမ်ရွာတွင် CDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့သူ တရားခံ အွမ်ဂေအား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် (၇)နှစ်၊ ချင်းပြည်နယ် မင်းတပ်မြိုနယ်တွင် ၂၀၂၁ခုနှစ်၊ မေလ၊ ၁၃ရက်နေ့ စစ်အုပ်ချုပ်ရေး (Martial Law) စတင်ကြေညာခဲ့ပြီးနောက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သူ (၅၇) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အသီးသီး ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)