မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသစ်(အခြေခံ)သင်တန်းနှင့် ဒု-ရုံပိုင် (အလုပ်သင်) သင်တန်းများ ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသစ်(အခြေခံ)သင်တန်းနှင့် ဒု-ရုံပိုင် (အလုပ်သင်) သင်တန်းများ ဆင်းပွဲအခမ်းအနားကျင်းပ


MNP -  ဖေဖော်ဝါရီ ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဝန်ထမ်းသစ်(အခြေခံ)သင်တန်း အမှတ်စဉ်(၃/၂၀၂၃)နှင့် ဒု-ရုံပိုင် (အလုပ်သင်)သင်တန်း အမှတ်စဉ်(၃၈/၂၀၂၂)များဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိအောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်စွာအောင်မြင်ကြသူများအားဆုများအသီးသီးပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ထို့နောက်ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်းက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား သင် တန်းသူများအားပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။ ၎င်းဝန်ထမ်းသစ် (အခြေခံ)သင်တန်း အမှတ်စဉ် (၃/၂၀၂၃)တွင် သင်တန်းသားသင်တန်းသူ ၁၈ ဦးတက်ရောက်ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၄ ပတ်ကြားမြှင့်ခဲ့ပြီး ဒု-ရုံပိုင်(အလုပ်သင်)သင်တန်း အမှတ်စဉ်(၃၈/၂၀၂၂)ကို သင်တန်းသားသင်တန်းသူ ၄၈ ဦးတက်ရောက်ပြီး သင်တန်းကာလမှာရက်သတ္တပတ် ၃၂ ပတ်ကြာမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)