ချမ်းမြသာစည်မြို့နယ်ရုံးတွင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့်စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်ရုံးတွင် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့်စာဖတ်ဝိုင်းကျင်းပ



MNP   -    ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင်စာရေးဆရာမ ဒေါ်အမာဆွေ (ပန်းသက်လယ်)က စာအုပ်စာစောင်များ လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင်အများပြည်သူလေ့လာဖတ်ရှုနိုင်ရေးအတွက် ရည်ရွယ်၍ သုတ/ရသ စာအုပ်များအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ဦးစီးမှူးဒေါ်ခင်စိမ်း၀င်းက လက်ခံရယူခဲ့ပြီး‌နောက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး စာရေးဆရာမြင့်ကျော် (သိကြားတန်း)၏"ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့"စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခဲ့ရာ စာရေးဆရာမ ပန်းသက်လယ်က နားမလည်နိုင်သေးတဲ့အရာများ ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးခဲ့သည်။ 


ဆက်လက်ပြီးမြို့နယ် ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက စာပေလမ်းရဲ့ခရီးအစခေါင်းစဉ်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ဟောပြောမှုအတတ်ပညာခေါင်းစဉ်ကိုလည်းကောင်း၊ စာကြည့်တိုက် လ/ထ(၃)ဒေါ်ခိုင်ခင်ဦးနှင့် ရုပ်သံကျွမ်းကျင်(၃)ဒေါ်ညိုညို၀င်းတို့ကလက်တွေ့ခေါင်းဆောင်မှုခေါင်းစဉ်နှင့်အတွေ့အကြုံသည် အကောင်းဆုံးအရာ ခေါင်းစဉ်များကို ဖတ်မှတ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆွေးနွေးချက်များအပေါ် စာရေးဆရာမ ပန်းသက်လယ်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီးနောက် အဆိုပါစာအုပ်သည် လူငယ်လူရွယ်များအတွက် စိတ်ဓာတ်ခွန် အားဖြည့်စာများဖြစ်ပြီး လူငယ်များလေ့လာဖတ်ရှုသင့်သောစာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


ခင်စိမ်း၀င်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)