မြို့သစ်မြို့နယ်တွင် နွေစပါးဧက (၇၈၀၀) နှင့် နွေနှမ်းဧက (၈၀၀) စိုက်ပျိုးရန်လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် နွေစပါးဧက (၇၈၀၀) နှင့် နွေနှမ်းဧက (၈၀၀) စိုက်ပျိုးရန်လျာထား




MNP   -   ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါးဧက (၇၈၀၀) ဧကနှင့် နွေနှမ်းဧက (၈၀၀) စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မြို့သစ်မြို့နယ်တွင် "နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်" ဆည်ရေများဖြင့် စိုက်ပျိုးရေးကို ရာသီအလိုက်စိုက်ပျိုးကြပြီး" နတ်မောက်ဆည်(လက်ဝဲ/လက်ယာ)တွင် (၆၀၀၀)ဧက၊ ပုလင်းဆည်တွင်(၄၀၀)ဧက၊ စွန်ဆည်တွင်(၈၀၀)ဧက၊ ဆဒ္ဒန်ဆည်တွင်(၆၀၀)ဧက၊ စုစုပေါင်း ဆည်ရေသောက် နွေစပါးဧက (၇၈၀၀)ဧကနှင့် အခြားသီးနှံအဖြစ် စွန်ဆည်ရေသောက် နွေနှမ်းဧက (၈၀၀)၊ စုစုပေါင်းဧက (၈၆၀၀)စိုက်ပျိုးရန်လျာထားပြီး စိုက်ဧကပြည့်မှီရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့သစ်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့က အနီးကပ်ကြည့်ရှုဆောင်ရွက်ပေးကြောင်း သိရသည်။


သန်းဝင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)