ပုဏ္ဏားကျွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ




MNP   -   ဖေဖော်ဝါရီ ၁၁

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့၊ အထိမ်းအမှတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ(ရုံးချုပ်)နေပြည် တော်မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့၊ နေ့လယ်(၁)နာရီက အခြေခံပညာကျောင်းများ သို့သွားရောက်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက(အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း(၂၀-၁-၁၉၄၆)ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ ညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ စည်းလုံးညီညွတ်မှုသည် ထာဝရငြိမ်းချမ်းရေးဆီသို့ စာပုဒ်များ၊ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက် ဆောင်ပုဒ်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အစရှိသည့် အကြောင်းအရာများ၊ ညီညွတ်ခြင်းသည်အင်အား စည်းလုံးခြင်းသည် ခွန်အား ပြည်ထောင်စု၏နှလုံးသား ဆောင်ပုဒ်၊ ပြည်ထောင်စုကြီး အဓွန့်ရှည်ဖို့ တို့ညီ နောင်တိုင်းရင်းသားတို့ရဲ့ ထာဝစဉ်သွေးစည်းညီညွတ်ကြပါစို့ ဆောင်ပုဒ်နှင့်ကဗျာ၊ ကာတွန်းများပါဝင်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် ရည်ရွယ်၍ ဖြန့်ဝေပေးလျက်ရှိသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)