ဒုတိယဝန်ကြီး ဦးအေးထွန်း သီတဂူဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအေးထွန်း သီတဂူဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား


MNP  -    ဖေဖော်ဝါရီ ၁၇

ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာ သီတဂူနွေရာသီစံကျောင်းတော်၌ သီတင်းသုံးတော်မူသည့် နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိမဟာနာယက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ဘုရားကြီးအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်ဖူးမြော်ကန်တော့ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် သီတဂူဆရာတော် ဘုရားကြီးထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လောရန်မြို့ မြင်းဖြူကျောင်းတော်ရှိ ရွှေတိဂုံပုံတူစေတီတော် ပြန်လည်ပြုပြင်မွမ်းမံရေးကိစ္စ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်အလှူခံကြွရောက်မည့် ပြည်ပဘွဲ့ခံဆရာတော်ဘုရားကြီးများ၏ ကြွရောက်လာကြမည့် အခြေအနေများကို တင်ပြလျှောက်ထားပြီး သီတဂူနွေရာသီစံကျောင်းတွင် တည်ထားလျက်ရှိသည့် သီတဂူ ဆန်ချီစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ သီတဂူဆန်ချီစေတီတော်အတွက် နဝကမ္မဝတ္ထုငွေများ ပေးအပ်လှူဒါန်းခဲ့သည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းကာ အလှူငွေများပေးအပ်လှူဒါန်းပြီး ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်ကာပညာသင်ကြားနေမှု၊ ဆရာ ဆရာမများကို နိုင်ငံတော်အစိုးရက ချီးမြှင့်ထောက်ပံ့ငွေပေးအပ်မှု၊ သီလရှင်သင်ပညာရေးကျောင်း ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားနေမှုအခြေအနေများကိုဆွေးနွေး၍ လိုအပ်သည်များကို တိုင်းဒေသကြီး/ မြို့နယ်သာသနာရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းပေး၍ ဝတ္ထုငွေများထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)