အမ်းမြို့ မြို့မစည်ပင်သာယာဈေးအ တွင်း မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးအသိပညာပေး သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ မြို့မစည်ပင်သာယာဈေးအ တွင်း မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးအသိပညာပေး သရုပ်ပြပွဲကျင်းပ




MNP   -    ဖေဖော်ဝါရီ ၂၃

   ရခိုင်ပြည်နယ်အမ်းခရိုင် အမ်းမြို့အမ္ဗနဒီ မြို့မစည်ပင်သာယာဈေး၌  မီးဘေးအန္တရာယ်ကျရောက်လာပါကကြိုတင် ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်အသိပညာ​ပေး​ေဟာပြောခြင်းနှင့်မီးငြှိမ်း သတ်ခြင်း လက်တွေ့သရုပ်ပြပွဲကိုယနေ့နံနက်၉ နာရီအချိန်က အမ္ဗနဒီမြို့မစည် ပင်သာယာဈေးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများ အနီးတွင် ဆောင်ရွက်ခဲ့သည်။


   အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင် များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ကျော်နိုင်နှင့်ဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးမှုးဦးအောင်သန်းဌေးနှင့်တပ် ဖွဲ့ဝင်များ စျေးရောင်းစျေးဝယ်များနှင့်စျေးကော်မတီဝင်များတက်ရောက်ကာမြို့နယ်မီးသတ်ဦးစီးမှူးက မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန်အချက်များမီးသတ်ဆေးဗူးအသုံး ပြုနည်းများနှင့် မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်ပုံ၊ရေစိုအဝတ်ဖြင့်ဖုံးအုပ်မီးငြိမ်းသတ်ပုံများအား မြို့နယ်မီး သတ်ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလက် တွေ့သရုပ်ပြသဆောင်ရွက်ခဲ့သည်။


      ဆက်လက်ပြီးတာဝန်ရှိသူများမှ မြို့မစည်ပင်သာယာဈေးအတွင်း စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးထားရှိ/မရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)