ကန့်ဘလူမြို့နယ်ရှိ ရေလှောင်တမံများ၌ သဲနှုန်းတူးဖော်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်ရှိ ရေလှောင်တမံများ၌ သဲနှုန်းတူးဖော်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ





MNP -   ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ရေလှောင်တမံများ၌  သဲနှုန်းတူးဖော်ခြင်း၊ မြောင်း ဘောင်အားဖြည့်ခြင်း၊ ရေဟန့်များပြုပြင်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ OMC မြောင်းဘောင်များတွင် လိုအပ်သောနေရာများ၌ ဂျင်းခင်းခြင်းနှင့် ကျောက်ကြီးလိုင်နင်စီခြင်း၊ ရေခွဲအဆောက်အအုံပြုပြင်ခြင်းနှင့် မြောင်းကူးတံတား ပြုပြင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလဆန်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုလုပ်ငန်း ၅ ခု၊ ၅၀ ရာခိုင်နှုန်းပြီးစီးမှုလုပ်ငန်း ၃ ခုနှင့် ၅၀ ရာခိုင်းနှုန်းအောက်ပြီးစီးမှုလုပ်ငန်း ၁ ခု အသီးသီး ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ လုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်ထောင်စု (ငွေ လုံးငွေရင်း/သာမန်)ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ် ၉၃ ဒသမ ၄၇ သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီနှင့်ဌာနတို့မှ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၉ ခုတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးအောင်ထံမှ သိရသည်။


ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ကင်းတပ်လက်ဝဲတူးမြောင်း(OMC) DO-5 သဲနှုန်းဆယ်ခြင်းနှင့် မြောင်းဘောင်အားဖြည့်ခြင်း၊ ပေကြီးရေလှောင်တမံ အရေးပေါ်ရေပိုလွှဲ ပေ ၃၀ တူးဖော်ခြင်း၊ ပင်မရေပိုလွှဲ၏အ ဝင် ရေလမ်းကြောင်းရှင်းလင်းခြင်း၊ ကျေးပင်အက်တမံ မြောင်းမကြီးလက်တံ (၂)ထိပ် ပြုပြင်ခြင်းနှင့် ရေတံခါးတပ်ဆင်ခြင်း၊ ဇကာချောင်း အမှတ်(၁)နှင့်(၂)ကြား၊ အမှတ်(၃)နှင့် (၄)ကြား သဲနှုန်းတူးဖော်ခြင်း၊ ဇကာချောင်းရေဟန့် အမှတ်(၁)နှင့်( ၅)ပြုပြင်ခြင်း၊ OMC RD အတွင်း လိုအပ်သောနေရာများတွင် ဂျင်းခင်းခြင်းနှင့် ကျောက်ကြီးလိုင်နင်စီခြင်း၊ လေးထုပ်မြောင်း ကူကြီး ကူးမြောင်းခွဲ သဲနှုန်းဆယ်ခြင်း၊ ဘောင်ဆင့်ခြင်းနှင့် ရေခွဲအဆောက်အအုံပြုပြင်ခြင်း၊ OMC DY-1 မြောင်းကူးတံတားပြုပြင်ခြင်းနှင့် OMC DO- 5 တံတားပြုပြင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရန် အတွက် နှစ်စဥ်စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်း စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ပြီး စားနပ်ရိက္ခာဖူလုံရေး တောင်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်ဝင်းငြိမ်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)