ပရီးမီးယားလိပ်ပွဲစဉ် ၂၅ ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၅ ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဖေဖော်ဝါရီ ၁၈


ပရီးမီးယားလိပ်ပွဲစဉ် ၂၅အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၉:၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် စပါးအသင်းနှင့်ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။


အဲဗာတန် - အက်စတွန်ဗီလာ ( ယနေ့ည ၉:၃၀ )

အဲဗာတန်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပေါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်သင်းစလုံးက မာကျောတဲ့အသင်းတွေဖြစ်ပေမယ့် ဧည့်သည်အက်စတွန်ဗီလာကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။( ခန့်မှန်းရလဒ် ၁-၂ )


လိဒ် - ဆောက်သမ်တန် ( ယနေ့ည ၉:၃၀ )

လိဒ်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ လိဒ်အိမ်ကွင်း အယ်လ်လန်ရုတ်ဒ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းဟာ လက်ရှိမှာ ရုန်းကန်နေရပြီး အိမ်ရှင်လိဒ်ယူနိုက်တက်အသင်းကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။( ခန့်မှန်းရလဒ် ၂ -၁ )


လက်စတာ - အာဆင်နယ် ( ယနေ့ည ၉:၃၀ )

လက်စတာစီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့ဟာ လက်စတာအိမ်ကွင်း ကင်းန်ပါဝါမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နောက်ပိုင်းပွဲစဉ်တွေမှာ လက်စတာပိုကောင်းလာခဲ့ပမယ့် ဇယားထိပ်ကအာဆင်နယ်ကို ရပ်တန်ဖို့မလွယ်ပါဘူး။ဧည့်သည်အာဆင်နယ်တို့ကဘဲ ဂိုးပြတ်နိုင်ပွဲ ရယူသွားပါလိမ့်မယ်။( ခန့်မှန်းရလဒ် ၁-၃ )


ဝက်စ်ဟမ်း - နော်တင်ဟမ်ဖောရက်စ် ( ယနေ့ည ၉:၃၀ )

ဝက်စ်ဟမ်းယူနိုက်တက်အသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ ဝက်စ်ဟမ်းအသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖောရက်စ်ပိုကောင်းပေမယ့် ဝက်စ်ဟမ်းအိမ်ကွင်းဖြစ်တာကြောင့် ဂိုးနည်းပြီး သရေရလဒ် ထွက်ပေါ်ပါလိမ့်မယ်။( ခန့်မှန်းရလဒ် ၁-၁ )


ဘုန်းလ်မောက် - မန်စီးတီး ( ယနေ့ည ၁၂:၀၀ )

ဘုန်းလ်မောက်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ဟာ ဘုန်းလ်မောက်အိမ်ကွင်းဗစ်တာလီတီကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။မန်စီးတီးတို့ဟာ အနိုင်ရဖို့မဖြစ်မနေကစားမှာ ဖြစ်ပြီး ဘုန်းလ်မောက်ကလည်း ထင်သလောက်မခက်ခဲတာကြောင့် ဧည့်သည်မန်စီးတီးတို့ကဘဲ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ့်မယ်။( ခန့်မှန်းရလဒ် ဝ-၃ )


ခရစ္စတယ်ပဲလေ့စ် - လီပါပူးလ် ( ယနေ့ည ၂:၁၅ )

ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီပါပူးလ်အသင်းတို့ဟာ ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်း ဆဲလ်ဟတ်ပေါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ပဲလေ့စ်ဟာ ကစားခက်တဲ့အသင်းဖြစ်ပေမယ့် နိုင်ပွဲတွေရယူဖို့ လိုအပ်နေတဲ့ ဧည့်သည်လီပါပူးလ်တို့ဘဲ ဂိုးကွားဟချက်နည်းနည်းဖြင့် အနိုင်ယူသွားပါလိမ့်မယ်။( ခန့်မှန်းရလဒ် ၁-၂ )


စပါး - ချဲလ်ဆီး ( မနက်ဖြန်ည ၈:၀၀ )

တော်တင်ဟမ်ဟော့စပါးအသင်းနှင့် ချဲလ်ဆီးအသင်းတို့ဟာ စပါးအသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ချဲလ်ဆီးတို့ဟာ လက်ရှိမှာ အတော်လေးရုန်းကန်နေပြီး စပါးကလည်းလွယ်ကူတဲ့ပြိုင်ဘက်မဟုတ်တာကြောင့် အိမ်ရှင်စပါးတို့ဘဲ ဂိုးကွားဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ့်။( ခန့်မှန်းရလဒ် ၁-ဝ)


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)